SPONSOR

LightBlog

VJ SOE THU AUNG

Tuesday, March 21, 2017

ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ရင်းနှီးမြှုပ်နှံမှုဥပဒေအပါအ၀င် ဥပဒေမူကြမ်း ၆၈ ခုကို စီစစ်အကြံပြုနိုင်ခဲ့ဟုဆို

သတင်း၊ ပြည်တွင်း 
စိုးသူအောင်
ရန်ကုန်၊ မတ် ၁၇ ။             ။ အစိုးရသစ် စတင်တာဝန်ယူသည့် တစ်နှစ်တာကာလအတွင်း ပြည်ထောင်စုရှေ့နေချုပ်ရုံး လက်အောက်ရှိ ဥပဒေများစီစစ်ရေးဦးစီးဌာန အနေဖြင့် ရင်းနှီြးှမုပ်နှံမှု ဥပဒေအပါအ၀င် ဥပဒေမှုကြမ်းစုစုပေါင်း ၆၈ခုကို စီစစ်အကြံပြုနိုင်ခဲ့ကြောင်း အစိုးရဘက်က သတင်းထုတ်ပြန်သည်။


 “ စီစစ်အကြံပြုခဲ့တဲ့ ဥပဒေတွေအနက် ဥပမာအနေနဲ့ပြောရရင် ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြဌာန်းခဲ့ပါတယ်။ အဲ့ဒီဥပဒေအရ နိုင်ငံသားနဲ့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူအားလုံးဟာ တူညီတဲ့ ကင်းလွတ်ခွင့်နဲ့ သက်သာခွင့်ရရှိခံစားနိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမူဥပဒေမူကြမ်းကိုလည်း ကျွန်တော်တို့ရုံးက စီစစ်အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။ မကြာမီ ထုတ်ပြန်ကြေညာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ နောက်တစ်ခုကတော့ အသိဥာဏ်ပစ္စည်းဆိုင်ရာဥပဒေ  (IPLaw) တွေ ဖြစ်ပါတယ်။ ဒီဥပဒေတွေပြဌာန်းပြီးရင်တော့ မြန်မာနိုငံရဲ့ ရင်းနှီးမြုပ်နှံမှုကဏ္ဍအတွက် အများကြီးအထောက်အကူပြုမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးကပြောဆိုထားသည်။
ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေဖြင့် တစ်နှစ်တာကာလအတွင်း ဥပဒေမှုကြမ်း ၆၈ ခုအပြင် နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း (မူကြမ်း) ၁၃၁ ခုကိုလည်းစီစစ်အကြုံခဲ့ကြောင်း မတ် ၁၇ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။
စီစစ်ပေးခဲ့သည့် ဥပဒေများတွင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး နည်းဥပဒေများ၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ရေးဆိုင်ရာဥပဒေ၊ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ တို့ ပါဝင်သည်ဟု သိရသည်။
ထို့ပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နိုင်ငံခြားသားများဆိုင်ရာ ဥပဒေ၊ အသိဥာဏ်ပစ္စည်းဆိုင်ရာ ဥပဒေများဖြစ်သည့် စက်မှုဒီဇိုင်း၊ တီထွင်မှု၊ ကုန်အမှတ်တံဆိပ်၊ စာပေးနှင့် အနုပညာစသည့် ဥပဒေများလည်း ပါဝင်ကြောင်း ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ သိရသည်။
ပြည်ထောင်စု ရှေ့နေချုပ်ရုံးကို ဥပဒေများစီစစ်ရေးဦးစီးဌာန၊ ဥပဒေအကြံပေးရေးဦးစီးဌာန၊ တရားစွဲနှင့် အမှုလိုက်ဦးစီးဌာန နှင့် စီမံရေးရာဌာန စသည့် ဥိးစီးဌာန ၄ ခုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
ဥပဒေရုံးများအဖြစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေချုပ်ရုံး ၁၄ ရုံး၊ ခရိုင်ဥပဒေရုံး ၇၂ ရုံးနှင့် မြို့နယ်ဥပဒေရုံး ၃၃၀ တို့ဖြင့် လုပ်ငန်းများဆောင်ရွက်လျှက်ရှိသည်။

No comments:

Post a Comment

Adbox