SPONSOR

LightBlog

VJ SOE THU AUNG

Friday, March 11, 2016

'''အလကားလူ'''''


ကျတော်သသည် အလကားလူဖြစ်သည်။ ထိုအကြောင်းကိုမိန်းမတစ်ယောက်က ကျတော့်မျက်နှာကို စေ့စေ့ကြည့်၍ ပြောသွားခြင်းဖြစ်သည်။ ရှင် အလကားလူ ဟု့ သူ့ပါးစပ်မှထွက်လာသည့်အချိန်တွင် သူ့မျက်နှာပေါ်တွင်တည်ရှိနေသော အလွန်သေချာသည့် အမှုအရာက ကျတော့်ထံသို့ကူးဆက်သွားသဖြင့် သူ့၏မဟာဆန်စွာ နက်မှောင်နေသော ဆံကေသာများကို တစ်ချက်ခါ၍လှပခမ်းနားစွာ သူလှည့်ထွက်သွားပြီးနောက်တွင် ကျတော်သည် အလကားလူ တစ်ယောက်ဖြစ်ကြောင်း အရှေ့အရပ်မှနေထွက်သကဲ့သို့ သေချာသွားလေသည်။


ကျတော်ဟာ အလကား လူတစ်ယောက်ဖြစ်ကြောင်း သက်သေပြနိုင်သည့် အချက်များစွာရှိပါသည်။ ကျတော်သေဆုံးပြီးသည့်နောက်တွင် မည်သူတွေမည်မျှထိခိုက်သွားသည်ကို လိုက်လံကြည့်ရှူ့သည့်အခါ ထိုအချက်သည်ရှင်းရှင်းကြီးပေါ်လာလေသည်။ ပထမဦးစွာ ကျတော်အူလှိုက် အသည်းလှိုက်အားပေးသော မြန်မာလက်ရွေးစင် ဘောလုံးအသင်းနဲ့
ချက်ဆီး အသင်းတို့သည် ကျတော့လို အလကားရသည့် တီဗွီလိုင်းမှပင် ပွဲစေ့အောင် ကြည့်ရှု့အားပေးနိုင်ခြင်းမရှိသော ပရိတ်သတ် တစ်ယောက်မရှိတော့သည်ကို
သိပင်မသိပဲ ၎င်းတို့ဘာသာ ရှေ့ဆက်နေသည်ကို တွေ့ရသည်။ လမ်းထိပ်မှ ပိုက်ဆံတောင်းသော အဖွားကြီးမှာ နေ့စဉ်နီးပါး ငွေတစ်ရာပေးနေသူတစ်ယောက် ရုတ်တရတ် ပျောက်သွားသည်ကို ၂ ရက်ခန့်သာ သတိထားမိပြီး ၃ ရက်မြောက် နေ့မှာမှာပင် ကျတော့ကို မေ့သွားပြီး ကျတော်လက်ရှိလုပ်နေသော အလုပ်တွင်လည်း ကျတော်မရှိတော့သည့်အတွက် လူသစ်ပင်ခန့်ရန်မလိုပဲ ကျန်ရှိလူနဲ့ပင် ဆက်လက်လည်ပတ်နေလေသည်။
ကျတော့သူငယ်ချင်း မိတ်ဆွေများအတွက်တော့ အချိန်ကြာ စိတ်ထိခိုက်- ကြေကွဲ ရသည်မှလွဲ၍ သူတို့၏ ကိုယ်ကျိုးစီးပွားအတွက် မည်သို့မျှ ထိခိုက်နစ်နာ စရာရှိမည် မဟုတ်ချေ။
ကျတော့၏ ချစ်သူမိန်းကလေးမှာလည်း ကျတော် မရဗိတော့သသည့် အတွက် တစ်နှစ် (သို့မဟုတ်) ထိုထက်ကြာကြာ ( သို့မဟုတ်) ထိုမျှလောက် မကြာသောအချိန်ကာလ အထိ ပူဆွေးမည် ဝမ်းနည်းမည် သတိရမည် သို့သော် သူမ ဘဝ အပေါ်ရိုက်ခတ်လောက်အောင် အထိတော့ နစ်နာလိမ့်မည်မဟုတ်ပါ။
ကျတော့်မိသားစုအတွက်ဆိုရင်လည်း ထို့အတူပင် ဖြစ်လိမ့်မည်။ သို့သော် ကျတော့ချစ်သူ ကျတော့သူငယ်ချင်းများနှင့် ကျတော့်မိသားစုဝင်များ မည်သို့နေမည်ကို ကျတော်သွားကြည့်ခွင့်မရပါ အမှောင်ထုသည် ကျတော့ဦးခေါင်းအထပ်တွင် သိပ်သည်းစွာ တည်နေလေသည်။
ကျတော်သည် အလကားလူ တစ်ယောက်ဖြစ်ကြောင်း သေချာသွားပြီး သည့်နောက်တွင် ရှင်သန်နေထိုင်ရသည်မှာ ပို၍ပင် ပေါ့ပါးသွားလေသည်။ ကျတော်သည် မည်သူ့အပေါ်တွင်မှ တာဝန်ယူလိုစိတ်မရှိတော့သလို ကျတော့ကိုယ် ကျတော်လည်း တာဝန်မယူတော့ပါ။
ထို့ကြောင့်နောက်တစ်နေ့ မနက်အိပ်ရာထသည့်အခါတွင် ကျတော်သည် မြက်ပင်တစ်ပင်ဖြစ်သွားလေသည်။ ကျတော့်ဘေးတွင်တော့ နေကြာပွင့်တစ်ပွင့်သည် နေရှိရာအရပ်ကိုမျက်နှာမှု၍ ဝံ့ကြွားစွာ ပွင့်နေလျှက်ရှိပြီး ကျတော်က သူ့အားသိမ်ငယ်စွာကြည့်နေမိပြီး မနေနိုင်တော့သည့်အဆုံးတွင် - ခင်ဗျားဘဝကတော့ သိပ်ကိုအဓိပ္ပါယ်ရှိပါလားဗျာ - လောကကြီးက ခင်ဗျားရှိနေတဲ့ အတွက်သိပ်ကို သိပ်ကိုကျေးဇူးတင်နေမါပဲ - ဟုပြောလိုက်သောအခါ နေကြာပွင့်ကြီးက ကျတော့်ကို ငုံ့ကြည့်ပြီး - မှန်တာပေါ့ကွယ် သိပ်ကိုကျေးဇူးတင်နေတာပေါ့ ။ မင်းအပေါ်လည်း လောကကြီးက အဲ့လိုပဲသဘောထားတာပါပဲ ဟုကြာင်နာစွာပြန်ပြောသည့်စကားကို ကြားမိလိုက်သည့်အခါတွင် ကျတော်အံ့အားသင့်သွားပြီး - မဟုတ်တာဗျာ ကျတော်မရှိလို့လောက ကြီးက ဘာများဖြစ်သွားမှာ မလို့လဲ ကျတော်က မြက်ပင်တစ်ပင်ပါဟု ပြောလိုက်သည်တွင် နေကြာပွင့်ကြီးက - ဒီလိုဆို ကျုပ်မရှိလဲ ဘာဖြစ်မှာ မလို့လဲကွယ် - ဟုပြန်ပြောသဖြင့် ကျတော်က - ဖြစ်တာပေါ့ဗျ ကျတော့်လိုမြက်ပင်တွေက အများကြီး ခင်ဗျားလို နေကြာပွင့်က ခင်ဗျားတစ်ပွင့်တည်းရယ် - ဟုဆင်ခြေပေး လိုက်သည့်အခါ နေကြာပွင့်ကြီးက ကျတော့်ကို ဘာမှ ပြန်မပြောတော့ဘဲ သူ့ခါးကိုညွှန့်၍ သူ့နောက်မှ ရွှေရောင်ဝန်းနေသော နေကြာခင်းကြီးအား ကျတော့်ကို လှစ်ဟ ပြလိုက်လေသည်။
ကဲ ငါ့လိုနေကြာပန်းတွေလဲ အများကြီးပါပဲ။ ငါမရှိတော့လည်းဘာမှမဖြစ်ပါဘူး .......ဒါပေမယ့် ငါတို့အားလုံးမရှိတော့ရင်တော့ လောကကြီးလဲ တစ်ခုခုဖြစ်မှာ သေချာတယ် အဲ့ဒီ့တော့ ငါတို့အားလုံးဟာ မရှိမဖြစ်ပါပဲလို့ အဓိပ္ပါယ်ရတယ် ဟုတ်ပြီလား ........။
နေကြာပွင့်ကြီး၏ စကားသည် ကျတော်မမြင်ဖူးသော တံခါးတစ်ချပ်ကို ဆွဲဖွင့်လိုက်ပြီး ကျတော်သည် ထိုတံခါးမှပင် လောကကြီးထဲသို့ အသစ်တဖန် ပြန်လည် ဝင်ရောက်ခဲ့ပါသည်။
သို့သော် ဒီတစ်ကြိမ်တွင် ချက်ဆီး နှင့် မြန်မာလက်ရွေးစင် ဘောလုံးအသင်းတို့ကို အူလှိုက်အသည်းလှိုက် မဟုတ်တော့ဘဲ ချစ်ခင်ကြင်နာစွာ အားပေးတတ်လာသည်။ အလုပ်ထဲတွင်လည်း ကျတော်မရှိလျှင်မဖြစ်၍မဟုတ်ပဲ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်လိုက်ရသည်ကို ကျေနပ်သည့် စိတ် သက်သက်ဖြင့် တာဝန်များ ထမ်းဆောင် တတ်လာသည်။ သူငယ်ချင်းများကိုလည်း ဝတ္တရားများမဟုတ်ပဲ ချစ်ခင်တွယ်တာသည့်စိတ်ဖြင့် ရင်းနှီးတတ်လာသည် ။ ကျတော့်ချစ်သအပေါ်လည်း သူစိတ်ချမသာဖို့ ကျတော်စိတ်ချမ်းငာဖို့ မဟုတ်ပဲ ချစ်ခင်မှု့သက်သက်ဖြင့် နှောင်ဖွဲ့တတ်လာသည် ။ ကျတော့မိသားစုကိုလည်းပဲ နားခိုရာတစ်ခု အသိုက်အမြုံတစ်ခု ထမ်းဆောင်ရမည့် တာဝန်တစ်ခုဟု သဘောမထားပဲ သဘာဝကျကျ ချစ်ခင်တတ်လာသည်။ ထိုအချိန်မှစ၍ ကျတော်နဲ့လောကကြီး၏ ဆက်ဆံရေးသည် သဘာ ဝ ကျကျ အဖုထစ်များနှင့် လှပသွားတော့သည်။

No comments:

Post a Comment

Adbox