SPONSOR

LightBlog

VJ SOE THU AUNG

Thursday, September 14, 2017

အစိုးရအနေဖြင့် တိုင်းပြည်အရေးကိစ္စများဖြေရှင်းရာတွင် နိုင်ငံရေးပါတီများ၏ အကြံညဏ်ကိုရယူသင့် ဟုဆို



လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရအနေဖြင့် ပါတီစုံစနစ်ကို လေးစားလိုက်နာသည့်အ နေဖြင့် တိုင်းပြည်အရေးကိစ္စများ ဖြေရှင်းရာတွင် နိုင်ငံရေးပါတီများ၏ အကြံဥာဏ်ကိုရယူသင့်သည်ဟု အမျိုးသားဒီမိုကရေစီပါတီသစ် ပါတီ (NNDP) ဥက္ကဌ ဦးသိန်းညွှန့်ကပြောဆို လိုက်သည်။
ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှဦးဆောင်ပြီးနိုင်ငံရေး ၂၉ ပါတီပါဝင်ခဲ့သည့် " အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာသည့် ရခိုင်ပြည်နယ် အရေးဆွေးနွေးပွဲ " နှင့်ပက်သက်ပြီး စက်တင်ဘာ ၁၂ ရက် က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ပြော ဆိုလိုက်ခြင်းဖြစ်သည်။

No comments:

Post a Comment

Adbox