SPONSOR

LightBlog

VJ SOE THU AUNG

Wednesday, September 20, 2017

ဗြိတိန်​နိုင်​ငံသို့ တပ်​မ​တော်​သင်​တန်းသားများထပ်​မံ​စေလွှတ်​​တော့မည်​မဟုတ်​ဟုဆို

ဗရန်​ကုန်​၊ စက်​တင်​ဘာ ၂၀

စိုးသူ​အောင်
ဗြိတိန်နိုင်ငံတွင် သင်တန်းတက်ရောက်နေသည့် တပ်မတော်သင်တန်းသား အရာရှိများအား ပြန်လည်စေလွှတ်ခဲ့သည့်​အတွက်​ တပ်မတော်အနေဖြင့် ယင်းသင်တန်းသားများအား မြန်မာနိုင်ငံသို့ အမြန်ပြန်လည်ခေါ်ယူသွားမည့်အပြင်​ ယခင်ကကမ်းလှမ်းသဘောတူညီထားသည့် သင်တန်းသားများကိုပါ  ဗြိတိန်နိုင်ငံသို့  ထပ်မံစေလွှတ်မည်မဟုတ် ဟုတပ်​မ​တော်​မှသတင်းထုတ်​ပြန်​သည်​။

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ ဗြိတိန်ပါလီမန် အမတ်များက ဗြိတိန်နိုင်ငံတွင် သင်တန်းတက်ရောက်နေသော မြန်မာ့တပ်မတော်သင်တန်းသား များအား သင်တန်းဆိုင်းငံ့ပေးရန်တောင်းဆိုခဲ့ခြင်းဖြစ်​​ကြောင်း တပ်​မ​တော်​၏ စက်​တင်​ဘာ၂၀ ရက်​ညပိုင်း ထုတ်​ပြန်​ချက်​အရသိရသည်​။

လတ်​တ​လောတွင်​ အဆိုပါသင်တန်းသားအရာရှိများအား မြန်မာနိုင်ငံသို့ ပြန်လည် စေလွှတ်ခဲ့ရာ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် လန်ဒန်မြို့ရှိ မြန်မာစစ်သံ (ကြည်း၊ရေ၊ လေ)ရုံး၌ သင်တန်းသားအားလုံး စုစည်းရောက်ရှိ ခဲ့ကြောင်းသိရှိရသည်။ 

မြန်မာ-ဗြိတိန် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြားတွင်လည်း ဆက်ဆံရေးနှင့်ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်သည့်​အ​နေဖြင့်​  တပ်မတော်မှသင်တန်းသားအရာရှိ ၅ ဦး ဗြိတိန်နိုင်ငံတွင်သင်တန်းများ တက်ရောက် ​စေခဲ့ခြင်းဖြစ်​​ကြောင်းထုတ်​ပြန်​ချက်​တွင်​​ရေးသားထားသည်​။

တပ်မတော်အနေဖြင့် အိမ်နီချင်းနိုင်ငံများ၊  ဒေသတွင်းနိုင်ငံ များသာမက နိုင်ငံတကာတပ်မတော်များနှင့်ပါ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ​ဆောင်​ရွက်​လှက်​ရှိ​ကြောင်းလည်းထုတ်​ပြန်​ချက်​အရသိရသည်​။

စက်တင်ဘာ ၅ ရက်​​နေ့ကလည်း မြန်မာ့တပ်မတော်အတွက် အခမဲ့ထောက်ပံ့ပေးထားသည့် လူ့အခွင့်အရေးနှင့်ပက်သက်ကာ လေ့ကျင့်သင်ကြားပေးခြင်းကဲ့သို့ အကူအညီပေး နေမှုများအားရပ်ဆိုင်းရန် ဗြိတိန်အစိုးရကိုတိုက်တွန်းကြောင်း Burma Campaign ( UK ) အဖွဲ့က တိုက်တွန်းထားသည်။

No comments:

Post a Comment

Adbox